ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာပေးကြရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ မေတ္တာရပ်ခံ
DVB
·
April 16, 2016
မဟာသင်္ကြန်ကာလအတွင်း ယာဉ်ကြောရှင်းလင်းရေးနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေပါတယ်။
ဒါကြောင့် အများပြည်သူတွေအနေနဲ့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာပေးပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ရန်ကုန် ယာဉ်ထိန်းရဲတပ်ဖွဲ့က မေတ္တာရပ်ခံ ပန်ကြားထားပါတယ်။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ သင်္ကြန်အတက်နေ့လေးဖြစ်ပါစေ၊ ရေပက်ကစားတဲ့ ပြည်သူအပေါင်း ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေလို့လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။