၂၀၁၆ တက်သစ်စ လူငယ် ခေါင်းဆောင်ဆု မသဉ္ဇာရွှန်းလဲ့ရည် ရရှိ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တဲ့ ၂၀၁၆ တက်သစ်စ လူငယ် ခေါင်းဆောင်ဆု 2016 Young Emerging Leaders Award ဆုကို မသဉ္ဇာရွှန်းလဲ့ရည်က ရရှိသွားတယ်လို့ အမေရိကန် သံရုံးရဲ့ ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။
မသဉ္ဇာရွှန်းလဲ့ရည်ဟာ အမေရိကန်သံအမတ်ကြီးရဲ့ လူငယ်အတိုင်ပင်ခံအဖွဲ့၊ အသင်းဝင် တယောက်ဖြစ်သလို လူငယ်စွမ်းရည်မြှင့်တင်ရေး ကဏ္ဍဆောင်ရွက်ရာမှာ စိတ်အား ထက်သန်သူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မတူကွဲပြားမှု၊ သည်းခံခြင်းတရား ပြန့်ပွားစေရေးအတွက် #MyFriend လူမှုကွန်ရက် လှုပ်ရှားမှုမှ တဆင့်လုပ်ဆောင်နေသူ တယောက်လည်းဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ဆုကို ရရှိတဲ့ အာရှလူငယ် ၂ ယောက်ရှိပြီး ဝါရှင်တန် ဒီစီကို သွားပြီး ဆုလက်ခံယူရမယ်လို့ ဖော်ပြပါတယ်။