ဖိလစ်ပိုင်နှင့် အမေရိကန် စစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်သံ)
DVB
·
April 15, 2016
ဖိလစ်ပိုင်နဲ့ အမေရိကန် တပ်တွေရဲ့ မနီလာမြို့ မြောက်ဘက် စစ်စခန်းမှာ စစ်ရေး လေ့ကျင့်နေပါတယ်။ ဒါဟာ ကျည်ဆံ အစစ်တွေကို အသုံးပြုပြီး လေ့ကျင့်တဲ့ နှစ်စဉ် စစ်ရေး လေ့ကျင့်မှု အစီအစဉ်တခု ဖြစ်ပါတယ်။
ဖိလစ်ပိုင်နဲ့ အမေရိကန် စစ်သား ၈ ထောင် ပါဝင်ပြီး ၂ ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။ အမိန့်ပေး စနစ်၊ ထိန်းချုပ်စနစ်၊ ဆက်သွယ်ရေးစနစ်၊ ထောက်ပို့စနစ်၊ လူသားချင်းစာနာမှု အကူအညီ ပေးရေးစနစ်၊ ရေကြောင်းလုံခြုံရေးစနစ်တွေကို လေ့ကျင့်တဲ့ အစီအစဉ်တွေ ပါဝင်တယ်လို့ ဖိစလ်ပိုင် ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာ ဖိလစ်ပိုင်နဲ့ အမေရိကန် အရာရှိတွေ လတ်တလော သဘောတူညီချက်အရ ဖိလစ်ပိုင် မြေပေါ်မှာ အမေရိကန်စစ်သားတွေကို တိုးချထားဖို့၊ စစ်စခန်း ၅ ခုမှာ စစ်လက်နက်တွေကို တိုးမြှင့်တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ အခု စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ကာတာ ကိုယ်တိုင်ကြည့်ရှုဖို့ ရောက်နေပါတယ်။