A d v e r t i s e m e n t With Us

သင်္ကြန်တွင်း ခါးပိုက်နှိုက်မှု အများဆုံးဖြစ်

ဓာတ်ပုံ - ရဲဇာနည်
သင်္ကြန်ပွဲတော်အတွင်း မှုခင်းတွေဖြစ်ပွားရာမှာ ခါးပိုက်နှိုက်မှုတွေအများဆုံးဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ မဟာသင်္ကြန်ပွဲတော် ဒုတိယနေ့ သင်္ကြန်အကျနေ့မှာ ရေကစားသူတွေ ဆီကနေ ငွေနှင့် လက်ကိုင်ဖုန်းတွေ နှိုက်ယူသူ ခါးပိုက်နှိုက် ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာတော့ တနိုင်ငံလုံးမှုခင်းပေါင်း ၄၅ မှုဖြစ်ပွားခဲ့ပြီး ရန်ကုန်မှာ ၂၆ မှုနဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာပါရှိပါတယ်။ သင်္ကြန်အကြိုနဲ့ အကျ နှစ်ရက်အတါင်း နိုင်ငံတ၀န်း မတော်တဆမှု ပေါင်း ၅၆ မှုဖြစ်ပွား ခဲ့ပြီး လူ ၅ ဦးသေဆုံးပြီး ၇၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတ်တမ်း တွေအရ သိရရှိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up