A d v e r t i s e m e n t With Us

ပါကစ္စတန်တွင် လူဆိုးဂိုဏ်းက ရဲ ၆ ဦးကို သတ်ပြီး လူ ၂၄ ဦးကို ဖမ်းဆီးခေါ်ဆောင် (ရုပ်သံ)

ပါကစ္စတန်မှာ လူဆိုးဂိုဏ်းက ရဲ ၆ ယောက် သတ်ပြီး လူ ၂၄ ယောက်ကို ဖမ်းခေါ် သွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ လူဆိုးဂိုဏ်းရဲ့ လျှို့ဝှက်စခန်းကို ၀င်စီးနင်းမှုအတွင်း အခုလို ဖြစ်သွားတာလို့ ဆိုပါတယ်။ စစ်ဆင်ရေးမှာ ရဲတွေ၊ ပြည်သူ့စစ်တွေ အင်အား ၁၆၀၀ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူဆိုးဂိုဏ်းက ရဲတွေနဲ့ အရပ်သားတွေကို ပြန်ဖမ်းသွားတယ်လို့ ပန်ဂျပ်ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။ ဒုစရိုက်ဂိုဏ်းဝင်တွေက ရိုင်ဖယ်တွေ၊ လောင်ချာတွေကို ကိုင်ထားတဲ့ ပုံတွေကို ပါကစ္စတန် ရုပ်သံလိုင်း Express တယ်လီဗေးရှင်းမှာ ပြသပါတယ်၊ စစ်ဆင်ရေးအတွင်း ရဲအဖွဲ့တွေက လှုပ်ရှားပုံ၊ ရဟတ်ယဉ်တွေ ပျံသန်းနေပုံကိုလည်း ပြသပါတယ်။ ဒီ စစ်ဆင်ရေးဟာ ပန်ဂျပ်ပြည်နယ် တောင်ပိုင်းက ဒုစရိုက်ဂိုဏ်းတွေ ခိုအောင်းရာ ကျွန်းကို ပြန်သိမ်းဖို့ ၀န်ကြီးချုပ် န၀ပ်ရှာရက်ဖ်ရဲ့ အစီအမံဖြစ်ပါတယ်။ ဒီ လူဆိုးဂိုဏ်းတွေဟာ ပြန်ပေးမှု၊ လူသတ်မှု၊ လုယက်မှုတွေအတွက် တာဝန်ရှိတယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။ ဂိုဏ်းခေါင်းဆောင်နာမည်ကို ချိုတူ လို့ သိကြပြီး သူဟာ ပန်ဂျပ်၊ ဆင်းနဲ့ ဘလုချစ္စတန် နယ်တခွင်မှာ လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up