A d v e r t i s e m e n t With Us

ပခုက္ကူ တွင် အယ်နီညိုအပူရှောင်စခန်းဖွင့်

ပခုက္ကူမြို့မှာ အယ်နီညိုကာကွယ်ရေးအပူရှောင်စခန်းတခု ဖွင့်ထားပြီး သက်ကြီးရွယ်အိုများကို ကျွေးမွေး စောင့်ရှောက်ကူညီနေတယ်လို့ သဟာယ ပခုက္ကူ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပထမဆုံးဖွင့်လှစ်ထားတဲ့ အပူရှောင်စခန်းမှာ အဘိုးအဖွား ၂၀ ကျော် လာရောက်ခိုလှုံ အပူရှောင်နေကြပြီး စခန်းကို ဧပြီ ၁၀ ရက်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်များ၊ ကျန်းမာရေးချို့တဲ့သူများနှင့် တစ်နှစ်အောက် ကလေးငယ်များအတွက် အပူရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လူ ၂၀၀ ခန့် နေထိုင်နိုင်တယ်လို့ သိရပါတယ်။ အယ်နီညိုရာသီဥတုကြောင့် ပခုက္ကူမြို့ပေါ်ရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနဲ့ ပရဟိတအဖွဲ့များ စုပေါင်းပြီး အပူရှောင်ကာကွယ်ရေးစခန်းဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - သဟာယ ပခုက္ကူ)

A d v e r t i s e m e n t With Us

More News
Up