မြန်မာ့ငလျင် ကုလစောင့်ကြည့်
DVB
·
April 15, 2016
မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဘေးနှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Janet Jackson က မြန်မာအစိုးရကို ပံ့ပိုးကူညီနေပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့ ဧပြီ ၁၄ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ငလျင်ဒဏ် ခံစားခဲ့ရတဲ့ နေရာမှာ ဝေလံခေါင်သီသောနေရာတွင် တည်ရှိပြီး အသက်သေဆုံး မှုများ၊ အခြေခံအဆောက်အဦများ ကြီးမားစွာပျက်စီးဆုံးရှုံးမှုနဲ့ စပ်လျဉ်းတဲ့ သတင်း အချက်အလက် များမရှိသေးသော်လည်း၊ ကုလသမဂ္ဂနှင့် လူသားချင်း စာနာမှုဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ ကိုပံ့ပိုးဆောင်ရွက်လျက်ရှိတယ် လို့ ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁၃ ရက်ညပိုင်းက စစ်ကိုင်းတိုင်းအတွင်းဗဟိုပြုတဲ့ အင်အားပြင်းငလျင်တခု လှုပ်သွားခဲ့ပြီး ငလျင်ကြောင့် လူအသေအပျောက်မရှိသလို ပျက်စီးဆုံးရှုံးမှုလည်း နည်းတယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။