ရန်ကုန်၊ သုဝဏ္ဏက ရခိုင်ရိုးရာသင်္ကြန်မှာ ရေတပုံး ကျပ် ၅၀၀ နဲ့ဝယ်ယူပြီး ရခိုင်ပျိုဖြူလေးများကို ရေလောင်းကာ အလှူလုပ်နိုင်ကြတယ်လို့ မင်္ဂလာပါမြန်မာအင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"ယဉ်ကျေးပြီး ချောမောတဲ့ ရခိုင်ပျိုဖြူလေးများကို ကြိုက်တဲ့သူ တစ်ဦးခြင်းခွင့်တောင်းကာ ရိုးရာယဉ်ကျေးမှုအရ ရေလောင်းလို့ရပါတယ်။ မဏ္ဍပ်ထဲမှ မဏ္ဍပ်ခေါင်းဆောင်ကို ခွင့်တောင်းကာ ကိုယ်ရေပက်ချင်တဲ့သူကို ခေါ်ပက်ရတာပါ။ ရေလက်ဆွဲပုံးတစ်ပုံးပေးမှာဖြစ်ပြီး တစ်ပုံးကို ၅၀၀ ကျပ် ပေးရပါတယ်။ နှစ်ဦးနှစ်ဘက်ရေခွက်လေးတွေနဲ့ ဖြည်းဖြည်းလေး လောင်းပြီး တစ်ဦးနဲ့ တစ်ဦး မိတ်ဆက်နိုင်ပါတယ်။ ရေတစ်ပုံး ၅၀၀ ဆိုတာ ကိုယ်ကျိုးအတွက်မဟုတ်ပဲ ရသမျကို နိမ့်ပါးနေတဲ့ သူတွေကို လှူပေးတဲ့အတွက် ၅၀၀ က အလှူဆိုရင်လည်း မမှားပါဘူး" လို့ အဲ့ဒီစာမျက်နှာမှာ ဖော်ပြထားပါတယ်။
မိုက်မိုက်ရိုင်းရိုင်းတွေ သွားပြောရင်တော့ အရေးယူခံရမယ်လို့လည်း သတိပေးထားပါတယ်။
ဒါ့အပြင် ရခိုင်သင်္ကြန်မှာ ရခိုင်ရိုးရာအစားအစာတွေလည်း တနေရာတည်းမှာ ရနိုင်ပြီး ဈေးနှုန်းချိုသာစွာ ၀ယ်စားနိုင်တယ်လို့လည်း လမ်းညွှန်ထားပါသေးတယ်။
ဓာတ်ပုံ -
မင်္ဂလာပါမြန်မာ