မြန်မာကာကွယ်ရေးဦးစီးချုပ် ဘရူနိုင်းနိုင်ငံကို သွားရောက်မည်







2K
မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဘရူနိုင်းနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး မကြာခင်မှာသွားရောက်ဖို့ အစီအစဉ်ရှိနေတယ်လို့ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာအသံအမတ်ကြီးကပြော ကြားလိုက်ပါတယ်။
ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ မြန်မာရိုးရာသင်္ကြန်ပွဲတော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ခန့်အပ်လိုက်တဲ့ မြန်မာသံအမတ်သစ် ဦးချိုထွန်းအောင်က ပြောကြားခဲ့တာလို့ ဘရူနိုင်းတိုင်းမ် သတင်းစာမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်ရက်မှာ မြန်မာ တပ်မတော် အကြီးအကဲ လာရောက်မယ်ဆိုတာ၊ ဘယ်နှရက်ကြာ ဘာတွေလုပ်ဆောင်မယ်ဆိုတာကိုတော့ အတိအကျပြောဆိုခြင်းမရှိပါဘူး။
ဘရူနိုင်းနဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှုတိုးတက်ဆောင်ရွက်ဖို့ နည်းလမ်းတွေ အများအပြားရှိတဲ့ အကြောင်းနဲ့ အခုအချိန်မှာ နှစ်နိုင်ငံကုန်သွယ်မှု နည်းနည်းပဲရှိပေမယ့် လာမယ့်နှစ်တွေမှာ တိုးတက်လာ လိမ့်မယ်လို့လည်း မြန်မာသံအမတ်က သတင်းမှာပြောပါတယ်။
လက်ရှိ ဘရူနိုင်းမှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားပေါင်း ၄၀၀ လောက်ရှိပြီး အများစုဟာ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေဖြစ်တယ်လို့ သိရပါတယ်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကိုတော့ ၁၉၉၃ စက်တင်ဘာ ၂၁ ရက်မှာ စတင်ခဲ့ပြီး ၁၉၉၇ ခုနှစ်ကစလို့ နှစ်နိုင်ငံ မြို့တော်တွေမှာ သံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်တွင်း ရေဘေးသင့်ဒေသတွေအတွက် ဘရူနိုင်းစစ်တပ်က အရေးပေါ်ကယ်ဆယ်ရေး အကူညီတွေ ပေးအပ်ခဲ့ဖူးပါတယ်။
ဘရူနိုင်း မြန်မာသင်္ကြန် ပုံရိပ်များ