မန်းသင်္ကြန်နောက်ခံ နှင်းဆီပန်သူ ရိုက်ကူး
DVB
·
April 14, 2016
မန္တလေးသင်္ကြန်နောက်ခံ နှင်းဆီပန်သူ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကို အခု မန်းသင်္ကြန်မှာ ရိုက်ကူးနေတယ်လို့ အဲ့ဒီဇာတ်ကားအင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြ ထားပါတယ်။
စာရေးဆရာလင်းယုန်နီရဲ့ ချစ်သောမောင်လေး ၀တ္ထုကို ဒါရိုက်တာဟိန်းစိုးက သရုပ်ဆောင် နောင်နောင်၊ အိန္ဒြာကျော်ဇင်တို့နဲ့ ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ဝင်ခန်းဓာတ်ပုံတွေ လည်း ဖော်ပြထားပါတယ်။
ဒါရိုက်တာဟိန်းစိုးရဲ့ ဆရာရင်းဖြစ်တဲ့ ကွယ်လွန်သူ ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးတင်ဆက်ခဲ့တဲ့ မန်းသင်္ကြန်နောက်ခံ သင်္ကြန်မိုး ရုပ်ရှင်ဟာ နှစ်ပေါင်း ၃၀ လောက် ကြာမြင့်ခဲ့သည့်တိုင် အခုထိ လူကြိုက်များတဲ့ ဂန္တ၀င်ဇာတ်ကားတကား ဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ - နှင်းဆီပန်သူ