ငလျင်ကြောင့် လူအသေအပျောက် မရှိဟု အစိုးရသတင်းထုတ်
DVB
·
April 14, 2016
ဧပြီ ၁၃ ရက်ညက စစ်ကိုင်းတိုင်းအတွင်း ဗဟိုပြုလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူအသေအပျောက်၊ ထိခိုက်မှုနှင့်အဆောက်ဦတွေ ပြင်းပြင်းထန်ထန်ပြိုကျပျက်စီးတာ မရှိခဲ့ဘူးလို့ အစိုးရပြန်ကြားရေးဌာနက တရားဝင်သတင်းထုတ်ပါတယ်။
ငလျင်ကြောင့်ဘုရားစေတီအချို့ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း၊ ဖောင်းရစ်များအက်ကွဲခြင်း၊ အဆောက်အဦအချို့အနည်းငယ်ပျက်စီးခြင်းတို့သာ ဖြစ်ပေါ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
၂၀၁၆ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့ မြန်မာစံတော်ချိန်ည ၈ နာရီ၊ ၂၅ မိနစ်၊ (၁၈)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှအနောက်မြောက်ဘက် (၁၁၂)မိုင်ခန့် ကွာဝေးသော မြန်မာနိုင် ငံ ပြည်တွင်းကလေးမြို့၏ အရှေ့-အရှေ့တောင်ဘက် ၄၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ ငလျင်ပြင်းအားရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိအင်အားပြင်းထန်သော မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။