A d v e r t i s e m e n t With Us

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မျက်စိထပ်မံခွဲစိတ်ကုသမှုခံယူမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့မှာ  ကျန်တဲ့ မျက်စိနောက် တဖက်ကို ခွဲစိတ်ကုသမှု ထပ်မံခံယူဖို့ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က  ဒီဗွီဘီကို ပြောပါတယ်။ “၁၆ ရက်နေ့ တခါ ထပ်ခွဲမယ်၊ ဟိုတခါခွဲတာ အခြေအနေကောင်းပါတယ်၊ ညာဘက်မျက်လုံးကိုခွဲတာပါ။ ခု ဘယ်ဘက်ကို ထပ်ခွဲမှာပါ။” အလားတူ  ဦးဝင်းထိန်ကိုယ်တိုင်လည်း  ဒေါ်အောင်ဆန်းစုကြည်နဲ့ တရက်တည်းမှာပဲ လာမယ့် စနေနေ့ နေပြည်တော်ဆေးရုံမှာ မျက်စိခွဲစိတ်ကုသမှုခံယူဖို့ရှိတယ်လို့လည်း ကာယကံရှင်ဖြစ်သူ ဦးဝင်းထိန်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်မနက်ကလည်း နေပြည်တော်က မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှာ မျက်စိခွဲစိတ် ကုသမှုခံယူခဲပြီး  ခွဲစိတ်မှုအောင်မြင်တယ်လို့ ပါတီတာ ၀န်ရှိသူက ပြောထားပါတယ်။ မျက်စိခွဲစိတ်ကုသမှုခံယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ အနားယူနေပြီး မဟာသင်္ကြန် အကြိုနေ့က  နေပြည်တော် သမ္မတ အိမ်တော်မှာကျင်းပတဲ့ သင်္ကြန်ပွဲတော်ကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up