အမေရိကန်ဖျက်သင်္ဘောအနီး ရုရှားစစ်လေယာဉ် ပျံသန်းမှုအပေါ် သတိပေး (ရုပ်သံ)

ဘောလ်တစ်ပင်လယ်ထဲက ပဲ့ထိန်းဒုံးကျည်သုံး အမေရိကန် ဖျက်သင်္ဘောနားမှာ ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က ရုရှားလေယာဉ်တစီး အန္တရာယ်များလောက်အောင် အနီးကပ် ပျံသန်းခဲ့တာကို စိုးရိမ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။ ဒီလိုအပြုအမူကို စိုးရိမ်မှုတွေ ဆက်ရှိနေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ဂျို့စ် အားနက်စ်က ဧပြီ ၁၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ရေပိုင်နက်နဲ့ နိုင်ငံတကာ လေပိုင်နက်တွေမှာ အချင်းချင်း နီးကပ်မှု ရှိတဲ့ စစ်တပ်တွေကြား ထားရမယ့် ကျင့်ဝတ်တွေနဲ့ လုံးလုံး မကိုက်ညီဘူးလို့ သူက ပြောပါတယ်။ မနှစ်ကလဲ အလားတူ မတော်တဆမှုတွေ ထပ်ခါတလဲ ဖြစ်ခဲ့တယ်။ ရုရှားစစ်လေယာဉ် အပါအဝင် ရုရှားစစ်တပ်က ပင်လယ်မှာရော ဝေဟင်မှာပါ တိုက်မိလုနီးပါး အနီးကပ် ပျံသန်းမှုတွေ လုပ်ခဲ့တယ်။ ဆိုးရွားတဲ့ ဘေးကင်းရေး စိုးရိမ်မှုတွေ ပိုများအောင် လုပ်ခဲ့တယ်။ ဒီအမူအကျင့်တွေကို ဆက်ပီး စိုးရိမ်သွားမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်နက်မမြင်ရတဲ့ ရုရှားစစ်လေယာဉ် ၂ စီးက အမေရိကန်ဖျက်သင်္ဘောနားက ကပ်ပျံသန်းခဲ့လို့ ရန်အလိုဆုံး လုပ်ရပ်တွေထဲက တခုအဖြစ် အမေရိကန်အရာရှိတယောက်က ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up