A d v e r t i s e m e n t With Us

မော်လိုက်တွင် ပြင်းအား ၄.၄ အဆင့်ရှိ ငလျင်ထပ်လှုပ်

ဧပြီ ၁၄ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျစတာ စကေး ၄.၄ အဆင့်ရှိ ငလျင်တခု လှုပ်သွားတယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၁၁ မိနစ် ၅၁ စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၉၀ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အနောက်မြောက်ဘက်မိုင် ၃၀ ခန့်အကွာ) ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာ စကေး ၄.၄ အဆင့်ရှိ အင်အားအနည်ငယ်ရှိသေား မြေငလျင် တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up