ပင်လယ်ထဲ သင်္ကြန်ကျခဲ့ရသည့် မြန်မာသင်္ဘောသားများ၏ အလွမ်းကဗျာ
မြန်မာသဘောင်္ာသားတစုဟာ သင်္ကြန်ရက်အတွင်း သူတို့တာဝန်ကျနေတဲ့ ပင်လယ်ကူးသင်္ဘောတစီးပေါ်မှာ သင်္ကြန်ကျခဲ့ကြပါတယ်။
အေးဇေဝင်း ဆိုသူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ သင်္ဘောပေါ်သင်္ကြန်ကျနေတဲ့ဓာတ်ပုံတွေ တင်ထားပြီး သင်္ကြန်ကိုလွမ်းတဲ့ စာတိုတစ ရေးတင်ထားပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံ၊ ပင်လယ်ပြင် ဘယ်နေရာလဲဆိုတာတော့ ဖော်ပြထားတာ မရှိပါဘူး။
အလွမ်း
====
ငါရောက်နေတဲ့..နေရာမှာ
ပိတောက်ဝါ..မပွင့်ဘူး
ငါနင်းထားတာ..သံပြား
ငါမြင်နေရတာ..ပင်လယ်သမုဒ္ဒရာ
ရေပေါ်မှာဆိုပေမဲ့
ရေသဘင်ပွဲတော်
မကျင်းပနိုင်တဲ့ဘဝ
ကြံဖန်ပျော်ဘို့
ရေပေါ်မှာသင်္ကြန်ကျမလား
ပုရိသကြီးငယ်တွေ
ယမကာတန်ခိုးကြွလို့
ဘာလာလာကွေးအောင်ကပေမဲ့
သူရောင်မယ်တွေလောက်တော့
ရင်ထဲဘယ်ရောက်ပါ့
ညိုမြလေးတွေဝေးတဲ့အရပ်မှာ
ရှာပုံတော်မင်းသားကြီးတွေ
ချစ်ဖော်နဲ့ဝေးရပေါ့..အခါခါ။
(အေးဇေဝင်း)