A d v e r t i s e m e n t With Us

ပင်လယ်ထဲ သင်္ကြန်ကျခဲ့ရသည့် မြန်မာသင်္ဘောသားများ၏ အလွမ်းကဗျာ

မြန်မာသဘောင်္ာသားတစုဟာ သင်္ကြန်ရက်အတွင်း သူတို့တာဝန်ကျနေတဲ့ ပင်လယ်ကူးသင်္ဘောတစီးပေါ်မှာ သင်္ကြန်ကျခဲ့ကြပါတယ်။ အေးဇေဝင်း ဆိုသူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ သင်္ဘောပေါ်သင်္ကြန်ကျနေတဲ့ဓာတ်ပုံတွေ တင်ထားပြီး သင်္ကြန်ကိုလွမ်းတဲ့ စာတိုတစ ရေးတင်ထားပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံ၊ ပင်လယ်ပြင် ဘယ်နေရာလဲဆိုတာတော့ ဖော်ပြထားတာ မရှိပါဘူး။ အလွမ်း ==== ငါရောက်နေတဲ့..နေရာမှာ ပိတောက်ဝါ..မပွင့်ဘူး ငါနင်းထားတာ..သံပြား ငါမြင်နေရတာ..ပင်လယ်သမုဒ္ဒရာ ရေပေါ်မှာဆိုပေမဲ့ ရေသဘင်ပွဲတော် မကျင်းပနိုင်တဲ့ဘဝ ကြံဖန်ပျော်ဘို့ ရေပေါ်မှာသင်္ကြန်ကျမလား ပုရိသကြီးငယ်တွေ ယမကာတန်ခိုးကြွလို့ ဘာလာလာကွေးအောင်ကပေမဲ့ သူရောင်မယ်တွေလောက်တော့ ရင်ထဲဘယ်ရောက်ပါ့ ညိုမြလေးတွေဝေးတဲ့အရပ်မှာ ရှာပုံတော်မင်းသားကြီးတွေ ချစ်ဖော်နဲ့ဝေးရပေါ့..အခါခါ။ (အေးဇေဝင်း)  

A d v e r t i s e m e n t With Us

More News
Up