ငလျင်လှုပ်ချိန် ဆောင်ရန်ရှောင်ရန်များ ကြက်ခြေနီအသင်း ထုတ်ပြန်
DVB
·
April 14, 2016
ဧပြီ ၁၃ ရက်ညက လှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူထုအနေနဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိကြစေလိုဘဲ နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန်များကိုမြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီဆောင်ရန်ရှောင်ရန်အချက်တွေထဲမှာ ငလျင်မလှုပ်မီ လုပ်ဆောင်ထားရန် လိုအပ်ချက်များ၊ ငလျင်လှုပ်နေချိန် လုပ်ဆောင်ရန်အချက်များ၊ ငလျင်လှုပ်ပြီးချိန် လုပ်ဆောင်ရန်အချက်များဆိုပြီး ခွဲခြားဖော်ပြထားပါတယ်။