လူငယ်ခြေတက် ရပ်စ်ဖို့၏ လှပသည့်ဂိုးနှင့်အတူ ၀က်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် မန်ယူ အနိုင်ရ (ဟိုက်လိုက်)

ဧပြီ ၁၂ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မန်ယူအသင်းက အိမ်ရှင်ဝက်စ်ဟမ်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ခြေတက်ကစားသမားလေး မားကပ်စ် ရပ်စ်ဖို့က ဒုတိယပိုင်း ၅၄ မိနစ်မှာ ၀က်စ်ဟမ်း နောက်ခံလူ ၃ ဦး တားမြစ်ပိတ်ဆို့ထားတဲ့ကြားကနေ ဂိုးသမားရဲ့ ညာဘက်ထောင့်ကို လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဒုတိယဂိုးကိုတော့ ၆၇ မိနစ်မှာ မာရှယ် ကန်သွင်းတဲ့ ဘောလုံးကို ဖလိုင်နီက ဒူးနဲ့အသာတိုက်ယူပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်ဝက်စ်ဟမ်း အသင်းအတွက် ခြေပဂိုးကိုတော့ ၇၈ မိနစ်မှာ ဂျိမ်း တွမ်ကင်းစ်က သွင်းယူခဲ့တာဖြစ်ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ မန်ယူအသင်း အိမ်ကွင်း အိုးထရက်ဖို့မှာ ကစားခဲ့တုန်းက နှစ်သင်း ၁-၁ ဂိုးနဲ့ သရေကျထားလို့ မန်ယူအသင်းက နှစ်ကျော့ပေါင်း ၃-၂ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားတာဖြစ်ပါတယ်။

More News
Up