ရုရှားလုပ် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ အီရန်နိုင်ငံသို့ ရောက်ရှိ

Russian S-300 anti-missile rocket system move along a central street during a rehearsal for a military parade in Moscow in this May 4, 2009 file photo. REUTERS/Alexander Natruskin
815
ရုရှားလုပ် လေကြောင်းရန်ကာကွယ်ရေး မြေပြင်မှ ဝေဟင်ပစ် S-300 ဒုံးကျည်တွေ ပထမအသုတ် ရောက်ရှိပြီလို့ အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hossein Jaber Ansari က ပြောပါတယ်။
ပထမအသုတ်ရောက်ပြီဖြစ်ကြောင်းနဲ့ ဆက်လက်ရောက်ရှိလာဦးမယ်ဖြစ်ကြောင်း ဧပြီလ ၁၂ ရက်နေ့မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားနေ ပြောကြားပါတယ်။
ဒီလက်နက်တွေ လွှဲပြောင်းတင်ပို့မှုဟာ ၂၀၀၇ ခုနှစ်ကတည်းက ရုရှားနိုင်ငံက အီရန်နိုင်ငံကို ရောင်းချဖို့ သဘောတူထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဖိုး ကန်ထရိုက် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
၂၀၁၀ ခှုနှစ်မှာ ကုလသမဂ္ဂက အီရန်နိုင်ငံပေါ် ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ရုရှားနိုင်ငံဘက်က ၂၀၁၀ ခုနှစ်မှာ သဘောတူညီချက်ကို ဖျက်သိမ်းခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြား နျူကလီးယားဆိုင်ရာ ယာယီ သဘောတူညီချက်ရခဲ့အပြီးမှာ ရုရှားက ပိတ်ဆို့မှုကို ပြန်ရုပ်သိမ်းခဲ့ပြီးနောက် ဒီလက်နက်တွေ လွှဲပြောင်းပေးပို့ခဲ့တာဖြစ်ပါတယ်။