ပနားမား လျှို့ဝှက်ချက်ပေါက်ကြားမှု ကုမ္ပဏီရုံးချုပ်ကို လုံခြုံရေး ၀င်စီး

ကမ္ဘာ့ငွေကြေးချမ်းသာတွေသူနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ငွေကြေးမသမာမှု လျို့ဝှက်ချက်တွေ အကြီးအကျယ် ပေါက်ကြားခဲ့တဲ့ ပနားမားနိုင်ငံ အခြေစိုက် ဥပဒေအကျိုးဆောင် ကုမ္ပဏီရုံးချုပ်ကို ပနားမားလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အာဏာပိုင်တွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့က ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။ ရုံးချုပ်ကို ၀င်ရောက်စီးနင်းချိန်မှာ ပြဿနာတစုံတရာမရှိခဲ့ဘူးလို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။ ပနားမား ဥပဒေအကျိုးဆောင်ကုမ္ပဏီ မောစ်ဆက် ဖွန်ဆက်ကာ(Mossack Fonseca)ရဲ့ လျို့ဝှက်ချက်တွေ သန်းနဲ့ ချီပြီး ပေါက်ကြားမှုဟာ ပနားမားစာရွက်စာတမ်းများဆိုပြီး ကမ္ဘာ့သတင်း မီဒီယာတွေမှာ နာမည်ကြီးနေပြီး သမိုင်းမှာ အကြီးဆုံးလျို့ဝှက်ချက်ပေါက်ကြားမှုကြီးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့လူချမ်းသားတွေ နိုင်ငံခြားကုမ္ပဏီတွေမှာ  အခွန်ရှောင်ရင်းနှီးမြှုပ်နှံထားတာတွေ၊ စီးပွားရေး ပိတ်ဆို့ခံရတဲ့ နိုင်ငံတွေက ငွေကြေးချမ်းသာသူတွေ  တဖက်လှည့်နဲ့ ပနားမားကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံပြီး ပုံမှန် စီးပွားလုပ်နေတာတွေ အများအပြား တွေ့ရှိလာရတာပါ။ မောစ်ဆက် ဖွန်ဆက်ကာကုမ္ပဏီကတော့ သူ့လုပ်ငန်းမှာ မသမာတာ မရှိဘူး၊ အင်တာနက်လျို့ဝှက်ဖောက်ထွင်းမှုရဲ့ ဓားစာခံဖြစ်ရတယ်၊ အချက်အလက်တွေနဲ့ အဓိပ္ဗာယ်လွဲမှားနေတယ်လို့ ပြောဆိုပါတယ်။ ပနားမား သမ္မတကတော့ သူ့နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အခုထက်ပိုပြီး ထင်သာမြင်သာရှိဖို့ နိုင်ငံတကာဥပဒေအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုပြောဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up