ထိုင်းသင်္ကြန်ပထမရက် မတော်တဆမှု ၅၂ ဦးသေဆုံး

936
ထိုင်းနိုင်ငံ ဆောင်ခရမ်ရေသဘင်ပွဲတော် အစပထမရက် ဧပြီ ၁၂ ရက်မှာ မတော်တဆမှု ၃၈၇ မှု ဖြစ်ပွားခဲ့ရာမှာ ၅၂ ဦးသေဆုံးပြီး ၄၃၁ ဦး ဒဏ်ရာရရှိခဲ့တယ်တယ်လို့ နေးရှင်းသတင်းစာက ရေးပါတယ်။
ဒီမတော်တဆမှုတွေဟာ အရှိန်လွန်မောင်းနှင်မှု ၃၇ ရာခိုင်နှုန်းနဲ့ အရက်မူးပြီးမောင်းနှင်မှု ၂၇ ရာခိုင်နှုန်းပါဝင်တယ်လို့ လမ်းလုံခြုံရေးညွှန်ကြာမှုဗဟိုဌာနက ပြောပါတယ်။
မနှစ်က ပထမဆုံးရက်မှာ မတော်တဆမှု ၃၂၄ မှု ဖြစ်ခဲ့ရာမှာ ၂၅ ဦးသေဆုံးပြီး ၃၄၈ ဦး ဒဏ်ရာရခဲ့တာမို့ ဒီနှစ်ပိုများပါတယ်။ ပရာချင်ဘူရီမှာ ၆ ဦးသေဆုံးပြီး ဘူရီရမ်မှာ ၅ ဦးသေဆုံးပါတယ်။ ချင်းမိုင်မှာ မတော်တဆမှု ၁၉ မှု ဖြစ်ပြီး ဥူဒုံဌာနီမှာ ၁၈ မှု ဖြစ်ပွားပါတယ်။
အမျိုးသားလုံခြုံရေး ဒုတိယရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးက ရှင်းလင်းချက်မှာ မတော်တဆမှု အများဆုံးဟာ မော်တော်ဆိုင်ကယ်တွေဖြစ်ပြီး ၈၀ ရာခိုင်နှုန်းရှိကြောင်းနဲ့ ညနေ ၄ နာရီကနေ ၈ နာရီအကြားမှာ ၂၉ ရာခိုင်နှုန်းဖြစ်ပွားတယ်လို့ ဆိုပါတယ်။
မတော်တဆမှု ၄၄ ရာခိုင်နှုန်းဟာ အဝေးပြေးလမ်းမတွေပေါ်မှာဖြစ်ပွားပြီး ၆၂ ရာခိုင်နှုန်းဟာ လမ်းဖြောင့်တွေပေါ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
[gallery ids="144392"]
နိုင်ငံတ၀န်း စစ်ဆေးရေးဂိတ်ပေါင်း ၂၁၂၉ ဂိတ်မှာ တာဝန်ရှိသူ ၆၅ ၄၄၀ က ဥပဒေချိုးဖောက်သူ ပေါင်း ၈၄၇၂၇ ကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ထဲက ၂၃၃၅၄ ဦးဟာ ယာဉ်မောင်းလိုင်စင် ပြသနိုင်ခြင်းမရှိကြဘူးလို့ ဆိုပါတယ်။