ရော်နယ်ဒို လှပသည့် ဖရီးကစ်နှင့်အတူ ဟက်ထရစ်သွင်းယူပြီး ရီးရဲလ် ဆီမီးတက် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် စပိန်လာလီဂါက ရီးရဲလ်မက်ဒရစ်က ဂျာမနီဘွန်ဒစ်လီဂါက ၀ုဖ်ဘတ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဘာနေဗျူးမှာ ကစားတဲ့ ဒီပွဲ ပထမပိုင်း ၁၅ နဲ့ ၁၇ မိနစ်တွေမှာ ရော်နယ်ဒိုက ၂ ဂိုးသွင်းယူပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားပါတယ်။ ဒုတိယပိုင်း ၇၇ မိနစ်မှာတော့ ရော်နယ်ဒိုက တတိယဂိုးကို လှပတဲ့ ဖရီးကစ်ကတဆင့်သွင်းယူပြီး ဟက်ထရစ်ရယူသွားပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ဂိုးကန်သွင်းချက်အသာ၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားသွားခဲ့ပါတယ်။ ပထမအကျော့မှာ ၀ုဖ်ဘတ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယအကျော့မှာ ရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့အတွက် ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

More News
Up