Home
မြန်မာသတင်း
သင်္ကြန်မဏ္ဍပ်များတွင် မူးယစ်ဆေးဝါး သုံးစွဲမှု တင်းတင်းကျပ်ကျပ် တားမြစ်
ဇေယျာချမ်းအေး
·
April 12, 2016
သင်္ကြန်မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သုံးစွဲတာကို လုံးဝခွင့်မပြုဘူးလို့ ရန်ကုန်မြို့က မဏ္ဍပ်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သင်္ကြန်မဏ္ဍပ်တွေမှာ မူးယစ်ဆေးဝါး သယ်ဆောင်သုံးစွဲတာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတဲ့အတွက် မဏ္ဍပ်တာဝန်ရှိသူတွေကလည်း အခုလို စိစစ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်လမ်းနဲ့ အင်းလျားလမ်းထောင့်နားက ရုပ်သေးမဏ္ဍပ် လုံခြုံရေးအဖွဲ့ခေါင်းဆောင် ကိုထွန်းမင်းအောင်က ဒီနှစ်မှာ လုံခြုံရေးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ “ဒီနှစ်ကတော့ ကျနော်တို့က အဓိကလုပ်တာကတော့ ကျနော်တို့ ဒီထဲကို မူးယစ်ဆေးဝါးရော၊ လက်နက်ကိရိယာ လုံးဝအ၀င်မခံဘူး။ နောက်တခုက တကယ်လို့ ပြဿနာတွေဘာတွေ တက်မယ်ဆိုရင်တောင်မှ ၀ိုင်းဝန်းဖျန်ဖြေပေးပြီး ရဲနဲ့ထည့်ပေးလိုက်မယ်။" မဏ္ဍပ်တွေသာမက လမ်းဘေးမှာ ဈေးရောင်းတဲ့သူတွေကလည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေကြောင့် အရင်နှစ်တွေတုန်းကလို လမ်းဘေးမှာ အရက်ဘီယာ ရောင်းချတာမျိုး မလုပ်ရဲကြတာကို တွေ့ရပါတယ်။ သင်္ကြန်မဏ္ဍပ်အနီး ဈေးရောင်းတဲ့ မခင်ဝင်းထွန်းက “ကျမတို့ဆိုင် အရက်၊ ဘီယာ မရောင်းပါဘူးရှင့်။ ဖမ်းမှာကြောက်လို့။ ထောင်ချမယ်လို့ပြောလို့ပါ” လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးရုံးကလည်း မူးယစ်ဆေးဝါး သုံးစွဲတာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး လမ်းဘေးမှာ အရက်သေစာရောင်းချရင် ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ်သိန်း ၂၀ အထိ ပြစ်ဒဏ်ချမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့မှာ တိုင်းဒေသကြီးအစိုးရက မဏ္ဍပ်ပေါင်း ၂၀၀ နီးပါး တည်ဆောက်ခွင့် ပြုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024