အမေရိကန်ရေတပ် ဦးဆောင်ပြီး အာရေးဘီးယား ပင်လယ်ကွေ့တွင် စစ်ရေးလေ့ကျင့် (ရုပ်သံ)
Published By
DVB | 12 April, 2016
1.6K
0
Share
0
Comment
0
Likes
အမေရိကန်ရေတပ်က ဦးဆောင်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံ ၃၀ က ရေတပ်တွေ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဧပြီ ၁၁ ရက်နေ့က အာရေးဘီးယား ပင်လယ်ကွေ့ထဲမှာ ကျင်းပခဲ့ကြပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ အရှေ့အလယ်ပိုင်း ရေကြောင်း၊ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အိုင်အက်စ်နဲ့ အယ်ကိုင်းဒါး အကြမ်းဖက်တွေ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်လေ့ကျင့်ကြတာ ဖြစ်ပါတယ်။
ဒီ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်တဲ့အချိန်ဟာလည်း ဒေသတွင်းမှာ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ ဆက်ဆံရေး တင်းမာနေချိန်လည်း ဖြစ်နေပါတယ်။
ရှီယာမွတ်စလင် ဦးဆောင်နိုင်ငံ အီရန်နိုင်ငံဟာ ဆီးရီးယားသမ္မတ အာဆတ်၊ ယီမင် ဟူသီသူပုန်တွေနဲ့ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေကို ထောက်ခံအားပေးနေပြီး ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့နေတာပါ။
စာတွေ့ဆွေးနွေးလေ့ကျင့်မှုတွေကိုတော့ အမေရိကန်စစ်တပ်၊ အရှေ့အလယ်ပိုင်းစစ်ဌာန တည်ရှိတဲ့ ဘာရိန်းနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။
လာမယ့် ဧပြီ ၂၁ ရက်နေ့ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ကျင်းပမယ့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ အိုအားမား တက်ရောက်မှာဖြစ်ပြီး ဒေသတွင်း အီရန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ဆွေးနွေးကြမှာဖြစ်ပါတယ်။