ဟိန္ဒူဘုရားကျောင်း မီးရှူးမီးပန်းပေါက်ကွဲပြီး လူသေဆုံးမှုအတွက် ၅ ဦးကို ထိန်းသိမ်း (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဧပြီ ၁၀ ရက် မနက်ပိုင်းက လူ ၁၁၀ ဦး သေဆုံးခဲ့ရတဲ့ ဟိန္ဒူဘုရားကျောင်း မီးရှူးမီးပန်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘုရားကျောင်းက လူ ၅ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ ဘုရားကျောင်းပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း အာဏာပိုင်တွေက ဖွဲ့စည်းခဲ့ပြီး ဘုရားကျောင်း တာဝန်ရှိသူတွေ၊ နေထိုင်သူတွေကို မေးမြန်းစစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံတောင်ပိုင်းက ကာရာလာ (Kerala) ပြည်နယ်မှာရှိတဲ့   ဒီဟိန္ဒူဘုရားကျောင်းမှာ ဒေသခံတွေ နှစ်သစ်ကူးပွဲတော် ကျင်းပနေတာဖြစ်ပြီး အခုလို မီးရှူးမီးပန်းတွေ ပစ်ဖောက်ခွင့် ပြုထားတာလည်း မရှိသလို မီးရှူးမီးပန်းတွေ ကီလို ၁၅၀ ကျော် သိုလှောင်သိမ်းဆည်းထားခွင့်လည်း မရှိဘူးလို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။ ဖောက်လိုက်တဲ့ ဗျောက်အိုးတလုံးက မီးရှူးမီးပန်းပစ္စည်းတွေ သိုလှောင်ထားတဲ့  အခန်းထဲ ၀င်သွားပြီး အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ကျောင်းဆောင်တခုလည်း ပြိုကျခဲ့တဲ့အတွက် လူအများအပြား အဲ့ဒီမှာ သေဆုံးခဲ့ကြတာပါ။ လူအယောက် ၄၀၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီလည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဘုရားကျောင်းကိုရော၊ ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ ပေးနေတဲ့ ဆေးရုံကိုပါ ကိုယ်တိုင်သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up