ကွယ်လွန်သွားသည့် ချဲလ်ဆီးပရိသတ် ကလေးငယ် အသုဘကြေး တယ်ရီပေး

ဓာတ်ပုံ - Ruth Miller
2.3K
အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ဂျွန်တယ်ရီက လူကီးမီးယားနဲ့ သေဆုံးသွားတဲ့ အသက် ၈ နှစ်အရွယ် ပရိသတ်အတွက် အသုဘစရိတ်ကို ကျခံပေးလိုက်ပါတယ်။
တယ်ရီဟာ အခုကွယ်လွန်သွားတဲ့ တိုမီမေလာနဲ့ အရင်နှစ်က ဆုံတွေ့ခဲ့ဖူးတာပါ။
တိုမီမေလာ မိသားစုအတွက် တယ်ရီက ပေါင် ၁၆၀၀ လှူဒါန်းခဲ့ပါတယ်။
တိုနီကွယ်လွန်သွားတာကို ကြားရတဲ့အတွက် ၀မ်းနည်းမိကြောင်းလည်း တယ်ရီက ပြောပါတယ်။
တိုနီ့အမေကတော့ ဘောလုံးသမားတွေ အခုလို သတိရတာကို ဂုဏ်ယူမိတယ်လို့ ပြောပါတယ်။
ဧပြီ ၁၄ ရက်မှာ အသုဘကျင်းပမှာဖြစ်ပြီး တက်ရောက်သူတွေက ချဲလ်ဆီးအင်္ကျီနဲ့ ကိန်းဘရစ်ယူနိုက်တက်ဝတ်စုံ ၀တ်ဆင်မှာ ဖြစ်ပါတယ်။