လမ်းလယ် လူကူးမျဉ်းကြားတွင် ကားရပ်ပြီး ဓာတ်ပုံရိုက်သည့်မိသားစု ဒဏ်ရိုက်ခံရ (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဂျီလင်းခရိုင်၊ လမ်းမကြီးတခုရဲ့ လူကူးမျဉ်းကြားပေါ်မှာ ကားကိုရပ်ပြီး အလှဓာတ်ပုံရိုက်ခဲ့တဲ့ မိသားစုကို ရဲတွေက ဒဏ်ငွေရိုက်ခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဧပြီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ အဲဒီမိသားစုဟာ ကိုယ်ပိုင်ကားကို မောင်းနှင်လာပြီး ချန်ဂျီ အဝေးပြေးကားလမ်းမပေါ်က လူကူးမျဉ်းကြား တခုပေါ်မှာ ရပ်ကာ ဓာတ်ပုံရိုက်ခဲ့တာပါ။ သူတို့ ဓာတ်ပုံရိုက်နေချိန်မှာ ဘေးက ဖြတ်သန်းသွားကြတဲ့ ကားပေါင်းများစွာကိုလည်း ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒါဟာ အန္တရာယ်များပြီး စွန့်စားလွန်းရာ ရောက်တဲ့အတွက် လူကူးမျဉ်းကြားပေါ်မှာ ကားရပ်တာမျိုးတွေကို မလုပ်ကြဖို့ ရဲတွေက သတိပေးလိုက်ပါတယ်။ အဝေးပြေးလမ်းမပေါ် တရားမ၀င် ယာဉ်ရပ်နားမှုအတွက် အဲဒီမိသားစုကို ဒေသတွင်း ရဲတွေက ဒဏ်ငွေရိုက်ခဲ့ပါတယ်။

More News
Up