ဖူးခက်တွင် အရက်သေစာမသောက်သုံးရသည့် သင်္ကြန်ပွဲတော်ကျင်းပမည်

1.7K
ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေက Limelight Avenue ဈေးဝယ်စင်တာမှာ အရက် သေစာသောက်စားမှုမပါဝင်တဲ့ ရေသဘင်ပွဲတော်ကို လာမယ့် ဧပြီလ ၁၃ ရက်နေ့မှာ ကျင်းပမယ်လို့ ဖူးခက်ဂေဇက်သတင်းမှာ ဖော်ပြပါတယ်။
ဒီပွဲတော်ကို “အရက်သေစာမပါဝင်တဲ့ ထိုင်းလူမျိုးတို့ရဲ့ သင်္ကြန်ပွဲတော်”ဆောင်ပုဒ် နဲ့ ကျင်းပသွားမှာဖြစ်ကာ ဒါဟာ ပွဲတော်ကာလတွင်း အရက်သေစာမူးယစ်သောက်စားမှုကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ပြဿနာတွေကို တားဆီးနိုင်ဖို့ လှုံ့ဆော်ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ညနေ ၄.၄၅ နာရီကနေ ည ၉ နာရီထိကျင်းပမယ့် ဒီပွဲတော်ဇုန်အတွင်း အရက်သေစာ၊ မူးယစ်ဆေးဝါး၊ စီးကရက်၊ လက်နက်၊ ပေါင်ဒါမှုန့်၊ ရေမြုပ်၊ ဆံပင်ဆိုးဆေး၊ ဖိ အားပြင်း သေနတ်တွေ ယူဆောင်လာခွင့်မပြုသလို ခိုက်ရန်ဖြစ်ပွားတာတွေ၊ မလုံမခြုံဝတ် စားဆင်ယင်တာတွေနဲ့ အရက်သေစာသောက်စားလာသူတွေကိုလည်း ၀င်ရောက်ခွင့်မ ပြုဘူးလို့ ပြောပါတယ်။
ပွဲတော်ကာလတွင်းမှာ Absolution, Black Sheep နဲ့ Zeal အဖွဲ့တွေရဲ့ ဂီတသ ရုပ်ဖော်တင်ဆက်မှုတွေလည်း ပါဝင်မှာပါ။
“ဒီပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ သင်္ကြန်ပွဲတော်ကာလတွင်းမှာ အရက်သေစာမသောက်စားကြဖို့နဲ့ ထိုင်းအမျိုးသားတွေရဲ့ သင်္ကြန်ပွဲတော်ဂုဏ်ပုဒ်ကို ထောက်ပံ့ပေးနိုင်ဖို့ပါ။ ကျနော်တို့ လာရောက်ဆင်နွှဲကြသူတွေကို သင်္ကြန်ရိုးရာ ၀တ်စုံတွေကို ၀တ်ဆင်လာကြဖို့လည်း တိုက်တွန်းလိုပါတယ်”လို့ ဒုတိယမြို့တော်ဝန် ချော့ခ်ဒီးအမွန်းဝပ်က ပြောပါတယ်။
ဒီပွဲတော်ကို တက်ရောက်ဖို့စာရင်းပေးသွင်းတဲ့သူ ၁၀၀ ဦးကို လက်ဆောင်တွေ ချီးမြှင့်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဖူးခက်ခရိုင်ရဲအရာရှိ တီးရာပေါ်လ်သစ်ဂျာရွန်က “ဒီလို အရက်သေစာကင်းမဲ့ဇုံ လုပ်မယ့် အကြံဟာ တကယ့်ကို ကောင်းပါတယ်။ အထူးသဖြင့် ကျနော်တို့လို မူးယစ် သောက်စားပြီး လှည့်လည်နေတဲ့ ယာဉ်မောင်းတွေကို တားဆီးနေရတဲ့သူတွေအတွက် ပေါ့”လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ဆောင်ကရန်ပွဲတော်ကာ လကို အန္တရာယ်ရက်သတ္တပါတ်အဖြစ်သတ်မှတ်ထားတာပါ။
ပွဲတော်ကာလတွင်း အရက် သေစာမူးယစ်သောက်စားထားတဲ့ ယာဉ်မောင်းတွေ ကို တွေ့ရှိပါက ယာဉ်ကို တရားဝင်သိမ်းယူထားမှာဖြစ်ပြီး ပွဲတော်ပြီးဆုံးမှသာ ပြန်လည် ပေးအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
တီးရာပေါ်လ်က “အရက်သေစာမပါဝင်တဲ့ ဆောင်ကရန်ပွဲတော်မှာ ပျော်ရွှင်ကြပါ စို့။ ဒီကာလတွင်းမှာ အသေအပျောက်မရှိရအောင် ကျနော်တို့နဲ့ ပူးပေါင်းကူညီကြပါ”လို့ ပြောပါတယ်။
