စက်ဘီးစီးအဘိုးအိုကို ကားကဖြတ်တိုက်၊ ကားကိုမချီပြီး ဆွဲထုတ်ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံ၊ ဇီကျန်းခရိုင်၊ အန်ဂျီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဧပြီ ၈ ရက်နေ့က အဘိုးအိုတဦးဟာ လမ်းမတခုပေါ်မှာ လျှပ်စစ်စက်ဘီးစီးပြီး ဖြတ်သွားချိန်မှာ ကား တစီးက ဖြတ်တိုက်မိခဲ့လို့ လမ်းသွားလမ်းလာတွေက ကယ်တင်ခဲ့ရပါတယ်။ အဆိုပါအဘိုးအိုဟာ လျှပ်စစ်စက်ဘီးကို လမ်းမပေါ်မျဉ်းကြားမှတဆင့် ချိုးကွေ့ စီးနင်းလာချိန်မှာ လမ်းတဖက်မှ မောင်းနှင်လာတဲ့ကားက ဖြတ်တိုက်မိခဲ့တာကို ရုပ်သံဗွီ ဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အရှိန်ကြောင့် အဘိုးအိုဟာ ကားအောက်ကို ရောက်သွားခဲ့ပြီး တိုက်မိတဲ့ကားနဲ့အ တူပါသွားခဲ့ကာ အဲဒီကားက နောက်ကားတစီးကို ဆက်တိုက်မိခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ မိနစ်ပိုင်းအတွင်းမှာ ကားအောက်မှာ ပိတ်မိနေတဲ့ အဘိုးအိုကို လမ်းသွားလမ်းလာတွေက ကားကိုမချီပြီး ဆွဲထုတ်ကယ်တင်ခဲ့ကြတာကို ရုပ် သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အဘိုးအိုကို အနီးနားက ဆေးရုံတခုဆီပို့ဆောင်ထားခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒေသတွင်းတာဝန်ရှိသူတွေဟာ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

More News
Up