မီးလောင်ကားတွင်းမှ ယွမ်ငွေ ၁ သိန်းကို ပြန်လည်ရယူနိုင်ခဲ့ (ရုပ်သံ)

တရုတ်နိုင်ငံ၊ လျောင်နင်းခရိုင်၊ ချိုယန်းမြို့ လမ်းမတခုပေါ်မှာ ဧပြီလ ၉ ရက် နေ့ က ကားတစီးဟာ အလိုအလျောက်မီးလောင်ကျွမ်းခဲ့ပြီး ကားမောင်းသူအမျိုးသမီးဟာ ကားတွင်းပါ ယွမ်ငွေ ၁ သိန်း(အမေရိကန်ဒေါ်လာ ၁၅၄၇၀)အတွက် စိတ်ပူပန်နေခဲ့ပါတယ်။ သူဟာ အဲဒီငွေတွေကို အိမ်ဝယ်ယူဖို့ စုဆောင်းထားခဲ့တာဖြစ်ပြီး ကားကိုယ်ထည် တွင်းမှာ ထည့်သွင်းသယ်ဆောင်လာခဲ့ချိန်မှာ ကားဟာ အလိုအလျောက်မီးလောင်ကျွမ်း ခဲ့တာလို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာပဲ မီးသတ်သမားတွေရောက်လာချိန်မှာတော့ ကားထဲက သူ့ရဲ့ငွေတွေကို မီးမလောင်ခင်မှာ ပြန်လည်ရယူနိုင်ခဲ့တာကို စီစီတီဗွီသတင်းက ထုတ် လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ဒေသတွင်းမီးသတ်သမားတွေက လူတွေကို ကားတွင်းမှာ (မီးလောင်လွယ်တဲ့) နူးညံ့တဲ့ပစ္စည်း ဒါမှမဟုတ် တန်ဖိုးရှိတဲ့ ငွေကြေးတွေ ကို ယွမ်ငွေ ၁ သိန်းအထက်မထားသင့်ဘူးလို့ သတိပေးလိုက်တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up