ဝက်စ်ဟမ်း ၃- ၃ အာဆယ်နယ်၊ ဆွမ်ဆီး ၁-၀ ချဲလ်ဆီး၊ မန်းစီးတီး ၂-၁ ၀က်စ်ဘရွန်း (ရုပ်သံဟိုက်လိုက်)

1.2K
ဧပြီ ၉ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ၀က်စ်ဟမ်းနဲ့ အာဆင်နယ် သရေကျသွားပြီး မန်စီးတီးကတော့ ၀က်စ်ဘရွန်းကို အနိုင်ရရှိကာ ချဲလ်ဆီးကတော့ ဆွမ်ဆီးကို ရှုံးနိမ့်သွားပါတယ်။
အာဆင်နယ်အသင်းက ပထမပိုင်းပွဲစစချင်းမှာပဲ ဘောလုံးအသာစီးရယူကစားနိုင်ခဲ့ပြီး ၁၈ မိနစ်နဲ့ ၃၅ မိနစ်တွေမှာ အိုဇေးလ်နဲ့ ဆန်းချက်တို့က ၁ ဂိုးစီ သွင်းယူခဲ့ကြပါတယ်။
ဒီနောက်မှာတော့ ၀က်စ်ဟမ်းအသင်းက အမြင့်ဘောတွေနဲ့ ပြန်လည် ထိုးဖောက်ကစားခဲ့လို့ အာဆင်နယ် အခက်ကြုံခဲ့ပါတယ်။
ဝက်စ်ဟမ်းအတွက် ချေပဂိုး ၂ ဂိုးကိုတော့ ပွဲချိန်ပထမပိုင်း ပြီးခါနီး ၄၄ နဲ့ ၄၅ မိနစ်တွေမှာ အန်ဒီကာရိုးလ်က သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ၀က်စ်ဟမ်းအသင်းက ပြန်လည်ထိုးဖောက်ကစားနိုင်ခဲ့ပြီး ၅၂ မိနစ်မှာ ကာရိုးလ်ကပဲ ၁ ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကိုတော့ မိနစ် ၇၀ မှာ ကိုဆက်စ်နီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ရမှတ် ၅၉ မှတ်နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နေပြီး ၀က်စ်ဟမ်းအသင်းကတော့ အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
တခြားပွဲစဉ်တခုမှာတော့ အသင်းကြီး မန်စီးတီးအသင်းက အိမ်ကွင်းမှာ ၀က်စ်ဘရွန်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ ဧည့်သည် ၀က်စ်ဘရွန်းအသင်းက ပွဲစစချင်း ၆ မိနစ်မှာပဲ စတီဖန်က သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၁၉ မိနစ်မှာ အဂူရိုက ပင်နယ်တီကတဆင့် သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ နာစရီက ဒုတိယပိုင်း ပွဲချိန် ၆၆ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ရမှတ် ၅၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေပြီး ၀က်စ်ဘရွန်းအသင်းကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
တခြားပွဲစဉ်တခုမှာတော့ အသင်းကြီး ချဲလ်ဆီးက ဆွမ်ဆီးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
အိမ်ရှင် ဆွမ်ဆီးအသင်းအတွက် အနိုင်ဂိုးကိုတော့ စီဂတ်ဆန်းက ပွဲချိန် ၂၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ရမှတ် ၄၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရပ်တည်နေပြီး ဆွမ်းဆီးအသင်းကတော့ ရမှတ် ၄၀ နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။