အမေရိကန်ထိ ပစ်ခတ်နိုင်မည့် တာဝေးပစ်ဒုံးအတွက် အင်ဂျင် မြောက်ကိုးရီးယား စမ်းသပ် အောင်မြင်

North Korean leader Kim Jong Un (C) gives field guidance during a visit to the Tonghungsan Machine Plant under the Ryongsong Machine Complex in this undated photo released by North Korea's Korean Central News Agency (KCNA) on April 2, 2016. REUTERS/KCNA
1.3K
နျူကလီးယားလက်နက် စမ်းသပ်မှုကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံရပေမယ့် တိုက် အချင်းချင်းအပြန်အလှန် ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ဒုံးအတွက် အင်ဂျင်ဒီဇိုင်းကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုးရီးယားက ကြေညာပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ ဗဟို သတင်းဌာနက အင်ဂျင်ဒီဇိုင်းဟာ အမေရိကန်နိုင်ငံကို ရောက်အောင် ဒုံးနဲ့ပစ်ခတ်နိုင်မယ်လို့ ဧပြီ ၉ ရက်က ထုတ်ပြန်ပါတယ်။
အနောက်မြောက်ကမ်းခြေမှာ တာဝေးပစ်ဒုံးပျံတွေကို စမ်းသပ်တဲ့ ကမ်းခြေမှာ စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက စမ်းသပ်မှုကို ကြီးကြပ်လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ စမ်းသပ်မှု အတွင်း အင်ဂျင်က မီးခိုးအမြောက်အမြား ပန်းထုတ်ခဲ့သလို နားကွဲဖွယ်ရာ အသံတွေကို ကြားခဲ့ရတယ်လို့ ဆိုပါတယ်။
စမ်းသပ်ချက်ဟာ အမှန်တကယ်အောင်မြင်တယ်ဆိုရင်တော့ မြောက်ကိုးရီးယား နျူကလီးယား အစီအစဉ်အတွက် ကြီးမားတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။
တောင်ကိုရီးယားကတော့ မြောက်ကိုရီးယားမှာ တိုက်အချင်းအချင်းအပြန်အလှန် ပစ်ခတ်နိုင်တဲ့ တာာဝေးပစ် ဒုံးပျံ မရှိသေးဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို လက်ဦးမှု ရယူတိုက်ခိုက်မယ်လို့ အစောပိုင်းက ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။