ထိုင်းစစ်တပ်တွင်း ရိုက်နှက် ညှဉ်းပန်းသည့် ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

13.5K
ထိုင်းနိုင်ငံမှာ စစ်မှုထမ်းတဲ့ တပ်သားသစ်တွေကို သင်တန်းတွေမှာ အပြစ်ပေး ရိုက်နှက်ညှဉ်းပန်းတဲ့ ရုပ်သံဟာ အင်တာနက် လူမှုရေးကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
ဒီရုပ်သံကို ရှဲစီခါရောင်အရိုင် (ဘာလိုစောင့်နေတာလဲ အမြန်ရှယ်ပါ) ဆိုတဲ့ အကောင့်ကနေ စတင်ဖြန့်ဝေခဲ့ပြီး လူပေါင်း ၅ သိန်းနီးပါး စောင့်ကြည့်ခဲ့ပါတယ်။ ဒါအပြင် ဖြန့်ဝေသူ ၂ သောင်း ၂ ထောင် အထိ ရှိပါတယ်။
စစ်သားတွေ မကြာခဏသေဆုံးရတဲ့ အကြောင်းအရင်းလို့ ရုပ်သံဖိုင်ကို အမည်ပေးထားပါတယ်။
ဧပြီ ၁ ရက်က ထိုင်းယာလ စစ်စခန်းတခုမှာ ရိုက်နှက်လို့ ဆေးရုံတင်လိုက်ရတဲ့ စစ်သား ၂ ဦးကို ရိုက်နှက်တဲ့ဖြစ်ရပ်ကိုလည်း ရုပ်သံဖိုင်မှာ ပါရှိပါတယ်။
ဒီအထဲက အသက် ၂၃ နှစ်အရွယ် စစ်သားတဦး ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။ ဒါအပြင် ၂၀၁၀ နဲ့ ၂၀၁၃ က စစ်တပ်အတွင်းက ရိုက်နှက် အဓမ္မလုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်တွေကိုလည်း ရုပ်သံဖိုင်မှာ ထည့်သွင်းထားပါတယ်။