၁၂ နှစ်ကျောင်းသူကို အကြမ်းဖက်ဖမ်းဆီးခဲ့သည့် တက္ကဆက်ရဲ စုံစမ်းစစ်ဆေးခံရ (ရုပ်သံ)

၁၂ နှစ်အရွယ်ကျောင်းသူကို ပစ်ဆောင့်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့ ရုပ်သံဖိုင် ပျံ့နှံ့သွားပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု တက္ကဆက်က ရဲတဦးကို စုံစမ်းစစ်ဆေးနေပါတယ်။ မတ် ၂၉ ရက်က အမေရိကန်ပြည်ထောင်စု တက္ကဆက် ဆန်အန်တိုနီယိုက အလယ်တန်းကျောင်းမှာ ယူနီဖောင်းဝတ် ရဲတဦးက ကျောင်းသူအချင်းအချင်း အငြင်းအခုံဖြစ်နေရာမှာ ကျောင်းသူတဦးကို ပလက်ဖောင်းပေါ်မှာ မချီပစ်ဆောင့်ကာ လက်ထိတ်ခတ် ဖမ်းဆီးခဲ့တဲ့ ရုပ်သံဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အရာရှိတွေက ဒီရုပ်သံပျံ့နှံ့တာကို ဧပြီ ၅ ရက်မှ သတိထားမိခဲ့သလို ရုပ်သံက စိတ်အနှောင့်အယှက်ဖြစ်စရာမို့ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျောင်းက ထုတ်ပြန်ပါတယ်။ ရဲအရာရှိ ဂျိုရှုခန်းကိုတော့ ဆိုင်းငံ့ခွင့်ပေးထားပြီး စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်ကို စောင့်ကြည့်နေပါတယ်။ ကျောင်းသူမိခင်ကတော့ ရဲအရာရှိရဲ့ လုပ်ရပ်က အလွန်အကျွံဖြစ်သလို သမီးကတော့ လက်ထိတ်ခတ်ခံရလား၊ ဆောင့်ပစ်ခံရလား ဆိုတာတောင် မမှတ်မိဘူးလို့ ဆိုပါတယ်။

More News
Up