ဝန်ထမ်းများ အမူအကျင့်ပြောင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြော
DVB
·
April 8, 2016
ဝန်ထမ်းတွေအနေနဲ့ အမူအကျင့်တွေ ပြောင်းလဲကြဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
ဧပြီ ၈ ရက် မနက်ပိုင်းက တာမွေ အထက ၃ မှာပြုလုပ်တဲ့ တာမွေမြို့နယ်အတွင်းက ဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ဦးဝင်းမြင့်က အခုလိုပြောဆိုလိုက်တာပါ။
ဌာနအသီးသီးမှာ ဖြစ်လေ့ဖြစ်ထရှိတာတွေကို အသေးစိတ်လေ့လာနေပြီး အဂတိ လိုက်စားတာတွေကို အရေးယူသွားမယ်လို့လည်း ဦးဝင်းမြင့်က သတိပေးစကား ပြောဆိုခဲ့ပါ တယ်။ (သတင်းဓာတ်ပုံ - ဇေယျာချမ်းအေး)