ဂျပန်အဆိုတော် ကိုယ်တိုင်ရေး မြန်မာသင်္ကြန်သီချင်းသစ်ဖြင့် လာရောက်ဖျော်ဖြေမည်
ဇော်ဇော်လှိုင်
·
April 7, 2016
အခုနှစ် မြန်မာသင်္ကြန်မှာ ကိုယ်တိုင်စပ်ဆိုထားတဲ့ မြန်မာဘာသာ သင်္ကြန်သီချင်းနဲ့ ဂျပန်အဆိုတော် မြန်မာနိုင်ငံမှာ လာရောက်သီဆို ဖျော်ဖြေမှာ ဖြစ်ပါတယ်။
၂၀၁၆ မြန်မာ့သင်္ကြန်ကာလတွေမှာ ဂျပန်နိုင်ငံက နာမည်ရ အဆိုတော် ဂျွန်ကို ဆုဝါဟာ ကိုယ်တိုင် ရေးစပ်ထားတဲ့ ပတ်လိုက်ပါလို့ အမည်ရတဲ့ မြန်မာ့သင်္ကြန် သီချင်းနဲ့ သီဆိုဖျော်ဖြေ မှာဖြစ်ပါတယ်။
လက်ရှိမှာ ဂျွန်ကို ဆုဝါဟာ မြန်မာနိုင်ငံရောက်ရှိနေပြိး ၁ လ နေထိုင်စဉ်အတွင်း မြန်မာ့ရိုးရာအနုပညာတွေကို ရနိုင်သလောက် လေ့လာသင်ယူသွားမယ်လို့လည်း ဒီဗွီဘီကို ပြောပြပါတယ်။
ဂျွန်ကိုဆုဝါဟာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ ပူးပေါင်းပါဝင်ဖျော်ဖြေနေသလို ၂၀၁၅ ခု မြန်မာသင်္ကြန်ကာလတွင်းမှာလည်း မြန်မာနိုင်ငံကို လာရောက်သီဆိုခဲ့ဖူးပါတယ်။