ရုရှားက အီရန်သို့ ဝေဟင်ပစ်ဒုံးကျည်များ ပေးပို့မည်

ဓာတ်ပုံ - The Diplomat
ရုရှားနိုင်ငံက အီရန်နိုင်ငံကို မြေပြင်မှ ဝေဟင်စစ်ဒုံးကျည်စနစ် S-300 ပထမအသုတ်ကို လာမယ့်ရက်ပိုင်းအတွင်း သင်္ဘောတင်ပေးပို့မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ Zamir Kabulov သံတမန်ပြောဆိုချက်ကို ကိုးကားပြီး The Diplomat သတင်းက ဖော်ပြပါတယ်။၏ ၂၀၀၇ ခုနှစ်မှာ အီရန်နဲ့ ရုရှားအကြား လက်နက်အရောင်းအ၀ယ် ကန်ထရိုက်စာချုပ်က အစိတ်အပိုင်းတခုဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အီရန်နိုင်ငံကို အဆင့်မြင့်လက်နက်တွေ မရောင်းချပဲ ပိတ်ဆို့ဒဏ်ခတ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် လွှဲပြောင်းရေး အစီအစဉ်ပျက်ခဲ့တာကို ပြန်လည် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလက်နက်ဟာ မြေပြင်မှ ဝေဟင်ပစ် တာဝေးပစ်ဒုံးကျည်စနစ် (SAM) ဖြစ်ပါတယ်။

More News
Up