အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ လားရှိုးတွင် စတင်ဖွင့်လှစ် (ဓာတ်ပုံ)
DVB
·
April 7, 2016
တပ်မတော်အရာရှိဟောင်းတွေနဲ့မိသားစုတွေ နေထိုင်ဖို့ရည်ရွယ် ဆောက်လုပ်ထားတဲ့ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာကို ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဧပြီ ၆ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး က စတင်ဖွင့်လှစ်ပေးလိုက်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို သစ္စာရှိရှိတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ အရာရှိ၊ စစ်သည်တွေရဲ့ မိသားစုတွေကို ပြန်လည်စောင့်ရှောက်နိုင်ဖို့ ဒီအိမ်ရာစီမံကိန်းကို ဆောက်လုပ်တာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာမှာ စုစုပေါင်း နေအိမ် ၃၂ လုံးနဲ့ အခန်း ပေါင်း ၁၂၈ ခန်းပါရှိတယ်လို့ သိရပါတယ်။
(ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)