မနီလာသိန်းကို တရားရုံးထုတ် (ဓာတ်ပုံ)
DVB
·
April 7, 2016
ဒီမိုကရေစီပညာရေးသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တာကြောင့် ပုဒ်မ ၁၈ နဲ့ တရားဆွဲဆိုခံထား ရတဲ့ မနီလာသိန်းကို ဧပြီလ ၇ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လက်ပံတန်းကျောင်းသား သပိတ်ကို ထောက်ခံဆန္ဒပြ ခဲ့တဲ့အတွက် မနီလာသိန်း အပါအ၀င် ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းနှင့် မဖြိုးဖြိုးအောင်တို့ကို မရမ်းကုန်းမြို့နယ်တွင် တရားရင်ဆိုင်ရန် အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ (ဓာတ်ပုံ - ဟိန်းကို)