Home
မြန်မာသတင်း
မူးယစ်ဆေးဝါးဖမ်းဆီးရာက လက်ပစ်ဗုံးနှင့် စကားပြောစက် ဖမ်းဆီးရမိ
DVB
·
April 7, 2016
ပဲခူးမြို့မှာ မူးယစ်ဆေးဝါးဖမ်းဆီးရာက လက်ပစ်ဗုံးတလုံးနဲ့ စကားပြောစက်တလုံးပါ ဖမ်းဆီးရမိခဲ့ပါတယ်။ ပဲခူးမြိုက မဇင်း ၁ လမ်းထိပ်မှာ ဧပြီ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က လူတဦး ဓားကိုင် သောင်းကြမ်းနေလို့ အမှတ် ၂ ရဲစခန်းက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ဝင်းတို့အဖွဲ့ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဓားကိုင်ပြီး သောင်းကြမ်းသူ ဦးကြည်စိန် လွယ်ထားတဲ့ အိတ်အတွင်းကနေ စိတ်ကြွ မူးယစ်ဆေးပြား ၇ ပြားနဲ့ ဆေးသုံးစွဲရာတွင် အသုံးပြုတဲ့ ပစ္စည်းတွေကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးတွေ ဆက်လက်ဖမ်းဆီးရမိရေးအတွက် တိုင်း/ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအ၀င် တာဝန်ရှိသူတွေက ဦးကြည်စိန်ရဲ့ နေအိမ်ကို သွားရောက် ရောက်ရှာဖွေခဲ့ရာ ဦးကြည်စိန်ရဲ့ နေအိမ်အပေါ်ထပ်မှာ လက်ပစ်ဗုံးတလုံးနဲ့ စကားပြောစက်တလုံးကို ထပ်မံရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ဦးကြည်စိန်ဟာကောကရိတ်မြို့နယ် ၇ တိုင်ကျေးရွာမှာ နေထိုင်သူဖြစ်ပြီး အခု ပဲခူးမှာ ခြံဝယ်ပြီး အိမ်ဆောက်နေသူဖြစ်ကြောင်း၊ သူဟာ ကရင်ပြည်နယ် ထို့ကော်ကိုးရွာ က KNU/KNLA တပ်ရင်း ၇၀၇ က တပ်ဖွဲဝင့်တဦး ဖြစ်တယ်လို့ သူ့ကိုယ်သူပြောဆိုနေကြောင်း ဒုရဲအုပ်အောင်နိုင်ဝင်းက ပြောပါတယ်။ (သတင်းဓာတ်ပုံ - အောင်စိုးမိုး)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024