ထူးဖောင်ဒေးရှင်း လေယာဉ်မှူးသင်တန်းဆင်းပွဲ ဧရာဝတီတိုင်းဝန်ကြီးချုပ် တက်ရောက်
DVB
·
April 7, 2016
ပုသိမ်မြို့မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ထူးဖောင်ဒေးရှင်းရဲ မြန်မာလေကြောင်းအကယ်ဒမီ လေယာဉ်မှူး သင်တန်း အမှတ်စဉ် ၁ သင်တန်းဆင်းပွဲကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပုဂ္ဂလိကသင်တန်းကျောင်းမှ လေယာဉ်မှူး ၂၄ ယောက်ကို သင်တန်းဆင်းပေးနိုင်ခဲ့တာပါ။
မြန်မာလေကြောင်း အကယ်ဒမီသင်တန်းကို တပ်မတော်လေမှ အငြိမ်းစားအရာရှိတွေက သင်တန်းပေးခဲ့တာဖြစ်ပြီး အဓိကရည်ရွယ်ချက်က ပြည်တွင်းလေကြောင်းလိုင်းတွေမှာ လေယာဉ်မှူး လိုအပ်ချက်ရှိနေတာကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်တယ်လို့ အကယ်ဒမီ တာဝန်ရှိသူ တွေက ပြောပါတယ်။ သင်တန်းသားတဦးကို ပညာသင်စရိတ် ကျပ်သိန်း ၆၅၀ ခန့် ကုန်ကျခဲ့တာပါ။
၂၀၁၃ ခုနှစ် နိုဝင်ဘာလက ပုသိမ်မြို့မှာ မြန်မာလေကြောင်း အကယ်ဒမီ (MAA) သင်တန်းကျောင်းဖွင့်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
(ဓာတ်ပုံ - ဇေယျာချမ်းအေး)