ချန်ပီယံလိဂ်ပွဲစဉ် ပီအက်စ်ဂျီ ၂ – ၂ မန်စီးတီး (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ မန်စီးတီးတို့ ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ပီအက်စ်ဂျီကွင်းမှာ ကစားတဲ့ ဒီပွဲစဉ်မှာ မန်စီးတီးအသင်းက ပထမပိုင်း ၃၈ မိနစ်မှာ အဖွင့်ဂိုး သွင်းခဲ့ပေမယ့် ၄၁ မိနစ်မှာ ပီအက်စ်ဂျီက ချေပဂိုးပြန်သွင်းတဲ့အတွက် ၁ ဂိုးစီနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ်မှာ ပီအက်စ်ဂျီအသင်းက ဒုတိယဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပေမယ့် ၇၂ မိနစ်မှာ မန်စီးတီးအသင်းက ချေပဂိုး ပြန်သွင်းတဲ့အတွက် ၂ ဂိုး စီ သရေကျသွားတာ ဖြစ်ပါတယ်။ ကာတာနဲ့ ယူအေအီးက သူဋ္ဌေးတွေပိုင်တဲ့ ဒီအသင်း ၂ သင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ပေါင်သန်း ၈၀၀ သုံးပြီး အသင်းကို တည်ဆောက်ခဲ့ပေမယ့် ထင်မှတ်ထားသလောက် ဖြစ်မလာဘူးလို့ ဘောလုံးပွဲသုံးသပ်သူတွေက ဆိုပါတယ်။ မန်စီးတီးနည်းပြကတော့ ပထမဂိုးအတွက် အမှားတွေ အများကြီး ကျူးလွန်ခဲ့သလို ဒုတိယဂိုးကတော့ လူကျွံနေတယ်လို့ ပြောပါတယ်။ ဧပြီ ၁၂ ရက်မှာတော့ ဒုတိယအကျော့ကို မန်စီးတီးရဲ့ အီတီဟတ်မှာ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up