ချန်ပီယံလိဂ်တွင် ရီးရဲလ်ကို နောက်ကောက်ချလိုက်သည့် ၀ုဖ်ဘတ် (ရုပ်သံဟိုက်လိုက်)

ဧပြီ ၇ ရက် မနက်ပိုင်းမှာ ကစားသွားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် စပိန် လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမနီ ဘွန်ဒစ်လီဂါကလပ် ၀ုဖ်ဘတ်တို့ပွဲမှာ ၀ုဖ်ဘတ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၁၈ မိနစ်မှာ ရော်ဒရီဂွတ်ဇ်က ပင်နယ်တီကတဆင့် ၀ုဖ်ဘတ်အတွက် အဖွင့်ဂိုး သွင်းယူခဲ့သလို ၂၅ မိနစ်မှာ အာနိုးက ဒုတိယဂိုးသွင်းယူပြီး ပထမပိုင်းမှာပဲ ၂ ဂိုး ဂိုးမရှိနဲ့ ၀ုဖ်ဘတ်တို့ ဦးဆောင်ခဲ့ပါတယ်။ ရီးရဲလ်တို့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ကန်သွင်းခွင့်တွေ အသာစီးရခဲ့ပေမယ့်  ရီးရဲလ်အသင်းရဲ့ ခံစစ်ပိုင်း အားနည်းနေတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းကလည်း ပထမပိုင်းမှာ အသင်းကစားသွားပုံနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျ ဖြစ်ရသလို ဒုတိယအကျော့အတွက် အနားယူပြီး ဘယ်လိုကစားရမလဲဆိုတာ တွေးရမယ်လို့ ပြောပါတယ်။ ၂၀၀၄ ခုနှစ်နောက်ပိုင်း ရီးရဲလ်အတွက် ချန်ပီယံလိဂ်မှာ ရှုံးပွဲဖြစ်ခဲ့သလို ဧပြီ ၁၂ ရက် ရီးရဲလ်မက်ဒရစ်ရဲ့ ဘာနေဗျူးကွင်းမှာ ကစားမယ့် ဒုတိယအကျော့မှာ ရီးရဲလ်ကစားပုံ ပိုမိုကောင်းမွန်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up