Home
မြန်မာသတင်း
စစ်ကားတိုက်မိမှုကြောင့် ကလေးငယ်တဦး သေဆုံး
DVB
·
April 6, 2016
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တော်အုပ်စု စည်မော်ကျေးရွာမှာ FOTON ကားအမျိုးအစား စစ်ကားတစီးက ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးကို ၀င်ရောက်တိုက်မိလို့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ သေဆုံးသူကလေးရဲ့အမည်မှာ မပွင့်နှင်းဒီမောင် အသက် ၆ နှစ်ဖြစ်ပြီး ကျောက်ဖြူမြို့နယ်၊ စစ်တောအုပ်စု၊ စည်မော်ကျေးရွာနေ အဘ ဦးကျော်ကျော် မိ ဒေါ်သန်းသန်းကြည်တို့ သမီးဖြစ်တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျောက်ဖြူရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ “ဟုတ်ကဲ့၊ ဒီကနေ့ မနက်ပိုင်းလောက်ဖြစ်တာလို့ ကြားသိရပါတယ်။ အပြည်အစုံကိုတော့ မသိရသေးဘူးဗျ။ စခန်းက တာဝန်ရှိသူတွေ ၈ ယောက်တော့ လိုက်သွားတယ်။ အဲ့ဒီနေရာက ကျနော်တို့နဲ့ အလှမ်းဝေးတယ်ဗျ။ သူတို့လာမှအပြည့် အစုံကိုသိရမယ်။ တာဝန်ရှိသူတွေ ၃ နာရီထိုးမှ ရောက်မယ်ဗျ” လို့ တာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။ အဲ့ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မျက်မြင်တဦးဖြစ်သူ ကိုကျာ်နိုင်က “ဖြစ်တာကဒီလိုဗျ။ ရေတပ်ကားက ဖွဲခွံတင်ဖို့ လာတယ်။ အုတ်ဖုတ်ဖို့အတွက် ဖွဲ့သယ်ဖို့လာတာပေါ့လေ။ ကားနောက်ကနေ တွန်းပေးတော့နှိုးရတယ်။ ဒီအတိုင်းဆို စက်နှိုးလို့မရဘူး။ နောက်ကလူတွေ လိုက်တွန့်ရတယ်။ အရှိန်ရလာ တဲ့ အခါကား စက်ကိုနှိုးလိုက်တယ်ပေါ့လေ။ အဲ့ဒီမှာ ကားအရှိန် ထိန်းမရတော့လို့ ကလေးကို ၀င်တိုက်တယ်။ ဖြစ်တာက ရွာထဲမှာပါ။ ကားလမ်းထက်မှာ မဟုတ်ဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။ ကလေးမလေးရဲ့ အလောင်းကို ကျောက်ဖြူဆေးရုံးကို သယ်ဆောင်သွားပြီဖြစ်ကြောင်းနဲ့ ယာဉ်ဟာ ဓညဝတီ ရေတပ်စခန်းဌာန ဖွဲသယ်ဖို့ ရောက်ရှိလာတဲ့ (ဒ)၅၁၀၂ FOTON ကားအမျိုးအစား ကားတစီးဖြစ်ကြောင်းသိရပါတယ်။ (သတင်း - ဇော်ခ၊ ဓာတ်ပုံ - Arakan Chitthu)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024