ကားပေါ်ကပြုတ်ကျပြီး ကားတစီးအောက်ရောက်သော်လည်း သေကံမရောက်သည့် ကလေး (ရုပ်သံ)
Published By
DVB | 6 April, 2016
4.9K
0
Share
0
Comment
0
Likes
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင် ဇောင်တောင်မြို့က လမ်းဆုံတခုမှာ ကလေးတဦး မီနီဘင်ပေါ်ကနေ ပြုတ်ကျသွားပါတယ်။
ပြုတ်ကျသွားတဲ့ ကလေးငယ်ဟာ နောက်ကလိုက်လာတဲ့ ကားတစီးအောက်ကို ရောက်သွားခဲ့ပါတယ်။
နောက်ကလိုက်လာတဲ့ ဒရိုင်ဘာက ဒီကလေးငယ်ကို မြင်တွေ့ခဲ့ခြင်း မရှိတဲ့အတွက် ကလေးပေါ်ကနေ ဖြတ်ပြီး ကားမောင်းခဲ့မိတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကလေးငယ်ကို ကားအောက်ကနေ ဆွဲထုတ်ခဲ့ပါတယ်။
ကလေးငယ်ရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရဘူးလို့ ဧပြီ ၅ ရက်နေ့ စီစီတီဗွီသတင်းက ဖော်ပြပါတယ်။
အရင်လကလည်း ကလေးတယောက် ဗင်ပေါ်ကနေ ပြုတ်ကျတဲ့ ရုပ်သံဖိုင်ကို သတင်းအဖြစ် ဖော်ပြခဲ့ပြီး လမ်းပေါ်မှာ ကလေးတွေနဲ့ပတ်သက်လို့ လုံခြုံစိတ်ချမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။