အမေရိကန်တွင် တိရစ္ဆာန်များကိုပေးသည့် အမြင့်ဆုံး ဂုဏ်ပြုဆု အာဖဂန်ပြန်ခွေး ရရှိ (ရုပ်သံ)

အမေရိကန်ပြည်ထောင်စုက အငြိမ်းစား မရိမ်းခွေးတကောင်ကို တိရစ္ဆာန်တွေကို ပေးအပ်တဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဆုတံဆိပ်ကို ပေးအပ်လိုက်ပါတယ်။ ဗြိတိန်က သတ္တိအတွက် ပေးအပ်တဲ့ ဗစ်တိုးရီးယား ခရော့စ်နဲ့ အလားတူတဲ့ ပီဒီအက်စ်အေ ဒစ်ကင်ဆုကို ဂျာမန် သိုးထိန်းခွေး လူကာက အာဖဂန်နစ္စတန်၊ အီရတ်တို့မှာ ၆ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရရှိသွားတာ ဖြစ်ပါတယ်။ သူ့ကိုကိုင်တွယ်တဲ့ တပ်ကြပ်ကြီး ခရစ္စတိုဖာ ၀ီလင်ဟမ်ကတော့ ဒီဆုရဲ့ တစိတ်တပိုင်းဖြစ်ရတာ မယုံနိုင်တဲ့ ဂုဏ်ပြုမှုတခုလို့ ပြောပါတယ်။ တနှစ်တာ သင်တန်းတွေ တက်ရောက်ပြီးသွားတဲ့ လူကာနဲ့ ၀ီလင်ဟမ်တို့ အီရတ်မှာ အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အာဖဂန်နစ္စတန်မှာ ပေါက်ကွဲရေးပစ္စည်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ခြေထောက်နဲ့ ရင်ဘတ်မှာ အပြင်းအထန် မီးလောင်ခဲ့သလို ခြေထောက်တဘက် ဆုံးရှုံးသွားခဲ့ပါတယ်။ အမေရိကန်စစ်တပ်က ဒုတိယကမ္ဘာစစ်ကတည်းက ခွေးတွေကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ စစ်သားတွေဟာ တိုက်ပွဲကနေ အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်တာဟာလည်း ခွေးတွေရဲ့ အရည်အချင်းကြောင့် ဖြစ်တယ်လို့ ၀ီလင်ဟမ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up