Home
မြန်မာသတင်း
ဦးစိုးသိန်း အမျိုးသားလွှတ်တော်တွင် ကတိသစ္စာဆို
DVB
·
April 6, 2016
ကယားပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၉ မှာ အနိုင်ရထားတဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ကျမ်းသစ္စာ ကျိန်ဆိုပါတယ်။ ဦးစိုးသိန်းဟာ လွှတ်တော်စတင်ကတည်း ဒီကနေ့မှ ပထမဆုံးအကြိမ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တက်ရောက် ကျမ်းသစ္စာ ကျိန်ဆိုတာဖြစ်ပါတယ်။ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဦးစိုးသိန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ကယားပြည်နယ် အမှတ် ၉ ကနေ တသီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရထားသူဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024