တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်
DVB
·
April 5, 2016
ဒီနေ့ ညနေ ၄ နာရီခွဲမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ (Wang Yi) တို့ ဒီကနေ့ ညနေပိုင်း နေပြည်တော်မှာ တွေ့ဆုံမှုအပြီး အခုလို ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာပါ။
မနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည် ဖိတ်ကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက အနိုင်ရပြီး သမ္မတ ဦးထင်ကျော်ကို ရွေးချယ်တဲ့အခါ အစောဆုံး ချီးကျူးဂုဏ်ပြုတဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။