Home
မြန်မာသတင်း
သင်္ကြန်ကာလ ပြည်တွင်းခရီးသွားလက်မှတ်များ အရောင်းသွက်
DVB
·
April 5, 2016
သင်္ကြန်ကာလအတွင်း ပြည်တွင်းခရီးသွားလက်မှတ်တွေ မနှစ်ကထက် နှစ်ဆနီးပါး အရောင်းသွက်နေတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေက ပြောပါတယ်။ မကြာခင်ကျရောက်တော့မယ့် သင်္ကြန်ကာလအတွင်းမှာ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအားလုံးနီးပါးက လက်မှတ်တွေ ရောင်းကုန်သလောက်ဖြစ်နေပြီး မနှစ်က ဒီလိုအချိန်ထက် နှစ်ဆနီးပါး အရောင်းသွက်နေတယ်လို့ ပြောပါတယ်။ ရွှေခရီးသွားဝန်ဆောင်မှုလုပ်ငန်း မန်နေဂျာ မလင်းလင်းက “ဂိတ်တွေအားလုံးကတော့ ကြိုရောင်းကြတယ် ၁၅ ရက်နေ့ကနေ စပြီးတော့၊ တချို့လည်း လကုန်မှ ရောင်းကြတဲ့ဟာတွေ ရှိတယ်။ အားလုံးနီးပါးက ခရီးစဉ်တိုင်းကို ကုန်နေပြီ” လို့ ပြောပါတယ်။ ဒီအခြေအနေမှာ ယာဉ်လိုင်းတချို့က ကားအစီးရေတိုးပြီး ပြေးဆွဲပေမယ့် ခရီးသွားတွေ များနေတာကြောင့် လက်မှတ်က ရောင်းစရာ မကျန်တော့ဘူး ဖြစ်နေတယ်လို့ မြတ်မန္တလာထွန်း ကားလက်မှတ်အရောင်းဆိုင်ခွဲက အရောင်းဝန်ထမ်း မ၀င်းပပက ပြောပါတယ်။ သူမက ဆက်ပြီး “ကားတိုးရင်တော့ရမယ်။ ဂိတ်တွေကတော့ ကားတိုးပါတယ်၊ နေ့တိုင်းတိုးတယ်။ ခရီးသွားတဲ့သူများတော့ လက်မှတ်က ကုန်သွားတာပေါ့" လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ပြည်တွင်းခရီးသွားတွေအနေနဲ့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေးနဲ့ ပုဂံတွေကို အများဆုံး သွားရောက်ကြပါတယ်။ ဒါပေမယ့် လက်မှတ်ဈေးနှုန်းကတော့ အရင်နှစ်ကထက် တက်သွားတာမျိုး မရှိဘူးလို့လည်း လက်မှတ်အရောင်းဆိုင်တွေက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - ခင်နှင်းဖြူစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024