နိုင်ငံတော်အတိုင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အပိုဒ်လိုက် ဆွေးနွေးမည်

ဒီကနေ့  ပြည်သူ့လွှတ်တော်မှာ အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ပေးပို့လာတဲ့ နိုင်ငံတော်ရဲ့ အတိုင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အဆိုပြုပြဋ္ဌာန်းချက်ကို ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးဖို့ ရှိပါတယ်။ အခုလို အမျိုးသားလွှတ်တော်ကပေးပို့လာတဲ့ ဥပဒေကြမ်းကို ပြင်ဆင်ရန် တပ်မတော်သား ကိုယ်စားလှယ် ၃ ဦးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တဦးတို့က ပြင်ဆင်ချက် ၁၄ ချက်နဲ့ဆွေးနွေးမှာပါ။ ဒီဥပဒေကြမ်းအတွက် ပြင်ဆင်လို့တဲ့ ပြင်ဆင်ချက် ၁၄ ချက်နဲ့ပတ်သတ်ပြီး တပိုဒ်ချင်းဆီ အလိုက်မဲခွဲဆုံးဖြတ်ပြီး အတည်ပြုချက်ရယူဖို့လည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ဖို့ ရည်ရွယ်တဲ့  နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေမူကြမ်းကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ အမျိုးသားလွှတ်တော်မှာ တပ်မတော်သားအမတ်တွေက  အပြင်းအထန် ဆန့်ကျင်ကန့်ကွက် နေတဲ့ ကြားက မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းကို အတည်ပြုပေးဖို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က လွှတ်တော်မှာ အဆိုတင်သွင်းပြီး  တပ်မတော်သားအမတ်က ကန့်ကွက်တဲ့အတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၃၇ မဲ ကန့်ကွက်မဲ ၇၀ ကြားနေမဲ ၂ မဲနဲ့  အဆိုကို အတည်ပြုလိုက်တာဖြစ်ပါတယ်။

More News
Up